မိန်းကလေးတိုင်း ဖက်ရှင်မကျနိုင်ပါဘူး။ ဖက်ရှင်ဆိုတာကလည်း အမြဲတမ်းပြောင်းလဲနေတာပါ။ ခေတ်နဲ့ လိုက်လျောညီထွေ ၀တ်စားဆင်ယင်တတ်ဖို့လည်း လိုအပ်ပေမယ့် ခေတ်ရှေ့ပြေးလွန်းအားကြီးရင်လည်း မကောင်းဘူးလို့ မချစ်စနိုးကတော့ ယူဆမိပါတယ်။
ခေတ်နဲ့အညီ ၀တ်စားဆင်ယင်တယ်ဆိုပြီး ဘောင်းဘီအတိုအနံ့ 1.5 size တွေ ကြိုးတစ်ချောင်း အကျီတွေ ရင်ပြတ်တွေ ၀တ်ဖို့ မလိုပါဘူး။ ဖက်ရှင်ကျအောင်ဝတ်တယ်ဆိုပေမယ့် နည်းနည်းတော့ အခြေအနေနဲ့ အချိန်အခါကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။ ဥပမာ- ဘုရားသွားတာမျိုး ဘုန်းကြီးကျောင်းလို နေရာမျိုးသွားတာမျိုးဆိုရင် 1.5ဘောင်းဘီ ၀တ်လို့မသင့်တော်ဘူးလေ။ ဒီလိုမျိုးဘောင်းဘီက သူငယ်ချင်းမွေးနေ့ပွဲတို့ ပါတီတို့လိုနေရာမျိုးသွားရင်သာ ၀တ်ဖို့ သင့်တော်ပါတယ်။ အဲ့ဒီ့လိုပြောလို့ မြန်မာအကျီနဲ့ မြန်မာ ထမီပဲ ၀တ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။ အမြဲတမ်းဝတ်ဖို့ မပြောပါဘူး။ ဒါပေမယ့် ကိုယ်နေတဲ့နေရာက မြန်မာပြည် ... ကိုယ့်လူမျိုးက မြန်မာ ဆိုတာတော့ မမေ့ထားသင့်ဘူး။ ဒီလိုမျိုး ယဉ်ကျေးမှုတွေပျောက်ကုန်မှာစိုးလို့ တက္ကသိုလ်ကျောင်းတွေမှာ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုနဲ့အညီ ၀တ်ဆင်ရမည်လို့ စည်းကမ်း သတ်မှတ်ထားတာပါ။ ဒါတောင် ၀ိနည်းလွတ် ကြိုးတစ်ချောင်းအကျီပေါ်မှာ ဇာပါးပါးကုတ်အကျီလိုမျိုးလေးတွေ ၀တ်လာတာမျိုး မကြာခဏတွေ့နေရပါသေးတယ်။
တကယ်တော့ မိန်းကလေးတစ်ယောက်ဟာ ဖက်ရှင်ကျဖို့ဆိုပြီး မလုံ့တလုံတွေ ၀တ်နေစရာ မလိုပါဘူး။ မိန်းကလေးတစ်ယောက်မှာ" S "သုံးလုံး ရှိရင် အဲ့ဒီ့မိန်းကလေးက စတိုင်ကျပြီ ဖက်ရှင်ကျပြီ ခေတ်နဲ့လိုက်လျောညီထွေဖြစ်နေပြီလို့ သတ်မှတ်လို့ရပါပြီ။
အဲ့ဒီ့ "S"သုံးလုံးကတော့...................
1.Sweet
2.Smile
3.Smart တို့ဖြစ်ပါတယ်။
ဒါ့ကြောင့် မိန်းကလေးတွေမှာ S သုံးလုံးကို မမေ့ကြပါနဲ့လို့ မချစ်စနိုးက တောင်းဆိုချင်ပါတယ်...။ အဲ့ဒီ့ S သုံးလုံးကို အမြဲတမ်းအသုံးပြုရင် ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာမှာအမှန်ပါပဲ။ သင်တို့လည်း လှတဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်ကြတယ်မဟုတ်လား ..................။
မချစ်စနိုး
ခေတ်နဲ့အညီ ၀တ်စားဆင်ယင်တယ်ဆိုပြီး ဘောင်းဘီအတိုအနံ့ 1.5 size တွေ ကြိုးတစ်ချောင်း အကျီတွေ ရင်ပြတ်တွေ ၀တ်ဖို့ မလိုပါဘူး။ ဖက်ရှင်ကျအောင်ဝတ်တယ်ဆိုပေမယ့် နည်းနည်းတော့ အခြေအနေနဲ့ အချိန်အခါကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။ ဥပမာ- ဘုရားသွားတာမျိုး ဘုန်းကြီးကျောင်းလို နေရာမျိုးသွားတာမျိုးဆိုရင် 1.5ဘောင်းဘီ ၀တ်လို့မသင့်တော်ဘူးလေ။ ဒီလိုမျိုးဘောင်းဘီက သူငယ်ချင်းမွေးနေ့ပွဲတို့ ပါတီတို့လိုနေရာမျိုးသွားရင်သာ ၀တ်ဖို့ သင့်တော်ပါတယ်။ အဲ့ဒီ့လိုပြောလို့ မြန်မာအကျီနဲ့ မြန်မာ ထမီပဲ ၀တ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။ အမြဲတမ်းဝတ်ဖို့ မပြောပါဘူး။ ဒါပေမယ့် ကိုယ်နေတဲ့နေရာက မြန်မာပြည် ... ကိုယ့်လူမျိုးက မြန်မာ ဆိုတာတော့ မမေ့ထားသင့်ဘူး။ ဒီလိုမျိုး ယဉ်ကျေးမှုတွေပျောက်ကုန်မှာစိုးလို့ တက္ကသိုလ်ကျောင်းတွေမှာ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုနဲ့အညီ ၀တ်ဆင်ရမည်လို့ စည်းကမ်း သတ်မှတ်ထားတာပါ။ ဒါတောင် ၀ိနည်းလွတ် ကြိုးတစ်ချောင်းအကျီပေါ်မှာ ဇာပါးပါးကုတ်အကျီလိုမျိုးလေးတွေ ၀တ်လာတာမျိုး မကြာခဏတွေ့နေရပါသေးတယ်။
တကယ်တော့ မိန်းကလေးတစ်ယောက်ဟာ ဖက်ရှင်ကျဖို့ဆိုပြီး မလုံ့တလုံတွေ ၀တ်နေစရာ မလိုပါဘူး။ မိန်းကလေးတစ်ယောက်မှာ" S "သုံးလုံး ရှိရင် အဲ့ဒီ့မိန်းကလေးက စတိုင်ကျပြီ ဖက်ရှင်ကျပြီ ခေတ်နဲ့လိုက်လျောညီထွေဖြစ်နေပြီလို့ သတ်မှတ်လို့ရပါပြီ။
အဲ့ဒီ့ "S"သုံးလုံးကတော့...................
1.Sweet
2.Smile
3.Smart တို့ဖြစ်ပါတယ်။
Sweet
လူတစ်ယောက်မှာ အရေးကြီးဆုံးက ရုပ်ရည်မဟုတ်ပဲနဲ့ စိတ်ဓါတ်ပါ။ အဲ့ဒီ့စိတ်ဓါတ်ကိုသာ အကောင်းဆုံး ဖြစ်အောင် ထားရင် ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ အဲ့ဒီ့မိန်းကလေးက လှနေမှာပါပဲ။ အဲ့လိုမျိုး စိတ်ထားတွေ မကောင်းလို့ရှိရင် အဲ့ဒီ့စိတ်က ရုပ်ကို ရောင်ပြန်ဟပ်ပါတယ်..။ တချို့ချောတဲ့ကောင်မလေးတွေက ချောသာချောတယ် အရုပ်ကြီးကျနေတာပဲ အသက်မပါဘူး ဆိုတာမျိုးတွေက ဒါ့ကြောင့်ဖြစ်နေတာပါ။ လူတိုင်းကို ချိုသာပြေပြစ်စွာဆက်ဆံရင် လူချစ်လူခင်ပေါလာမှာ အမှန်ပါပဲ။Smile
မိန်းကလေးတိုင်း လှချင်ကြတာချည်းပါပဲ...။ မလှချင်ဘူးဆိုတဲ့မိန်းကလေးမရှိပါဘူး...။ ရုပ်ဆိုးမ တောင်မှ သူ့ကိုလှတယ်လို့ပြောရင် ကျေနပ်ကြတာပါပဲ...။ အဲ့လိုလှချင်တဲ့ ပျိုမေတွေအတွက် နည်းလမ်းကောင်းလေးတစ်ခုကို မချစ်စနိုးက ပြောပြမယ်နော်။ အဲ့ဒါကတော့ ပြုံးပါ။ အားရပါးရပြုံးပါ။ ပြုံးနေတဲ့မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးပါစေ လှတာပါပဲ။ ပြုံးတာ ပိုက်ပိုက်မပေးရပါဘူးနော်...။ ဒါ့ကြောင့် အားရပါးရ ရဲရဲကြီးသာ ပြုံးပါ။ အပြုံးလေးနဲ့ လူတွေကို ပေါင်းသင်းဆက်ဆံရင် လူတိုင်းသဘောကျကြတာပါတယ်.။အနည်းဆုံးတော့ ကိုယ်အရမ်းမုန်းနေတဲ့သူကို ဆက်ဆံရတယ်ဆိုရင်တောင် အပြုံးလေးနဲ့ဆက်ဆံလိုက်ပါ။ မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်တော့ ရှိတယ်လေ....။Smart
ဒါကတော့ ဖက်ရှင်ချစ်သူတွေ အကြိုက်ပါပဲ။ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု(self-confidence)ရှိတယ်ဆိုတာ စမတ်ကျလို့ပါပဲ....။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့လူတစ်ယောက်ဟာ သူလုပ်သမျှ အရာအားလုံးက ဖြစ်ကိုဖြစ်ရမယ် အောင်ကိုအောင်မြင်မယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း သူလုပ်သမျှဟာ အောင်မြင်မှုရနေတာပဲပေါ့။ ဖက်ရှင်ကျတာနဲ့ စမတ်ကျတာ မတူဘူးနော်...။ ၀တ်တဲ့ဖက်ရှင်က ဒီနေ့ခေတ် ဖက်ရှင်မဟုတ်ပေမယ့် သူ့ဘာသာ စမတ်ကျနေတာမျိုးဆိုရင်လည်း ခေတ်နဲ့လိုက်လျောညီထွေရှိတာပါပဲ ဥပမာ- မြန်မာဝတ်စုံဝတ်တယ်ဆိုပါစို့...။ အခုခေတ်စားနေတဲ့ ဆာရီစလိုမျိုး ပျော့တဲ့အသားမျိုး ချူပ်ထားတာမဟုတ်ဘူး..။ အဲ့ဒီ့ဝတ်စုံက ရင်ဖုံးလေး ၀မ်းဆက်ရိုးရိုးချူပ်ထားတယ်ဆိုပါစို့..။ ဒါမျိုးဟာလည်း စမတ်ကျနေတာပါပဲ..။ ဒါပေမယ့် အပေါ်က အကျီက အ၀ါဖြစ်နေပြီး အောက်က အနီလိုမျိုးကြီး ဆန့်ကျင်ဘက်အရောင်တွေ ဖြစ်မနေဖို့က အရေးကြီးသေးတယ်နော်...။ (ဒီနှစ်ပိုင်းတွေမှာတော့ အပေါ်နဲ့အောက် ဆန့်ကျင်ဘက်ကာလာကို လိုက်ဖက်ညီအောင် ၀တ်လာတာတွေ ရှိလာပါပြီ။) ဘာပဲဖြစ်ဖြစ် အ၀တ်အစားဆိုတာ ၀တ်တိုင်းစမတ်ကျတာမဟုတ်ပါဘူး...။ အပေါ်က ပြောခဲ့တဲ့ Sweet and Smile ပါ ပါမှ တကယ်စမတ်ကျတာပါ..။ဒါ့ကြောင့် မိန်းကလေးတွေမှာ S သုံးလုံးကို မမေ့ကြပါနဲ့လို့ မချစ်စနိုးက တောင်းဆိုချင်ပါတယ်...။ အဲ့ဒီ့ S သုံးလုံးကို အမြဲတမ်းအသုံးပြုရင် ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာမှာအမှန်ပါပဲ။ သင်တို့လည်း လှတဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်ကြတယ်မဟုတ်လား ..................။
မချစ်စနိုး