Wednesday, October 31, 2012

“ဤကဗျာအတွက် အမည်တစ်စုံတစ်ရာသတ်မှတ်ခြင်းမပြုရန်”

ဟန်မဆောင်ချင်တဲ့ အပြုံးတစ်ချို့ တစ်ဝက်ကို ရင်ထဲမှာသိမ်း….

ပြီးတော့ ဘ၀သီချင်းလေးတစ်ပုဒ်ဆိုညည်းလိုက်တယ်….

ဟော…ကြည့်စမ်းပါဦးကွယ်

ငါက ဘယ်လောက်တောင်လိမ္မာလိုက်တဲ့ ကောင်မလေးလဲလို့…..။

အဓိပ္ပါယ်ဖော်လို့မရတဲ့ လူတစ်ချို့ ရဲ့ 

အဓိပ္ပါယ်ဖော်လို့မရတဲ့အမြင်တစ်ချို့ ကို

ငါဥပေက္ခာပြုထားလိုက်တယ်။

ဒါတွေ ငါ့အတွက် အရေးမကြီးပါဘူးကွယ်

ငါ့ဘ၀က ငါ့အတ္တနဲ့တင် ပြည့်စုံပြီးသားပါ။

အတွေးတွေ မျှော်လင့်ချက်တွေ…..ရည်မှန်းချက်တွေထဲမှာ

ငါ ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ပျော်ဝင်ပစ်လိုက်တယ်

နာကျည်းမှုနဲ့ကျရှုံးမှုတွေကို ထပ်မထည့်ပါနဲ့တော့

နွေးထွေးမှု အားပေးမှုနဲ့ အကြင်နာကိုတော့ နှစ်ဆထပ်ထည့်

နည်းနည်းလေးမှ မဖိတ်စင်စေနဲ့နော်…ဒါတွေက နေရာတိုင်းမှာ ရရှိနိုင်တာမဟုတ်ဘူး


နောက်ဆုံးအနေနဲ့

အချိန်ဆိုတဲ့ဒြပ်စင်လေး နည်းနည်းသာ ရောထည့်လိုက်

ဒါဆိုရင် လုံလောက်သွားပြီ……..

ဘ၀တစ်ခုစာပေါ့…………….။
                                                                                                                       မချစ်စနိုး

No comments:

Post a Comment