တစ်ခါတုန်းက.....
အချစ်က အလွမ်းကိုမေးတယ်
အချစ်ကို.......
စိတ်ကုန်တာလား
စိတ်နာတာလား
စိတ်ညစ်တာလား
စိတ်ပျက်တာလား...လို့မေးတယ်။
အလွမ်းက ပြန်ဖြေတယ်
အမှန်တကယ် ၀န်ခံရရင်.... အချစ်ကြောင့်..စိတ်မကောင်းဖြစ်သွားတာပါ....တဲ့။
အချစ်ကထပ်ပြောတယ်..
သူကလူတိုင်းအတွက်မွေးဖွားလာတာ.....တဲ့။
အမုန်းက၀င်ပြောတယ်..
သူ့ကြောင့်လူတွေရင့်ကျက်ကုန်တာ...တဲ့။
အလွမ်းက အားကျမခံပြောတယ်...
သူက လူတွေကို ခံစားမှုပေးစွမ်းနိုင်ဆုံးအရာ...တဲ့။
အနမ်းက ရင်ခုန်ခုန်နဲ့ဝင်ပြောတယ်...
မင်းတို့တွေကြောင့် ငါ ခဏ..ခဏ ဓါးစားခံဖြစ်နေရတာ....တဲ့။
အဲ့ဒီ့နောက်မှာ သူတို့အားလုံး ဆုံးဖြတ်လိုက်ကြတယ်....။
သူတို့အားလုံးက တစ်ယောက်ရှိတဲ့နေရာမှာ တစ်ယောက်ရှိနေလို့မရဘူးဆိုတဲ့ အဖြေကိုပေါ့......။
မချစ်စနိုး

No comments:
Post a Comment