အရာရာကို ငြီးငွေ့လွယ်တဲ့
ပြောင်းလဲမှုကို နှစ်သက်တဲ့ ငါ..............
ထာဝရ မပြောင်းလဲတာဆိုလို့ ရင်ထဲက နင်ပဲ ရှိတယ်.........။
ငါ့ကိုဘာလို့ချစ်တာလဲ?????? တဲ့
အဲ့ဒါဆိုရင် မေးစမ်းပါရစေ
ချစ်တယ်ဆိုတာ အကြောင်းပြချက်လိုလို့လား.............။
ငါ ဘယ်လောက်ချစ်တယ်ဆိုတာ နင်သိချင်မှသိလိမ့်မယ်
ဒါပေမယ့် ငါက ချစ်တတ်လွန်းလို့ ငါ့ကိုယ့်စောင့်နတ်ကတောင် ငါ့ကို ကျိန်ဆဲနေပြီ
(လူဆိုတာ ကိုယ့်ကိုကိုယ်အချစ်ဆုံးဆိုတဲ့ ဥပဒေသကို ချိုးဖောက်လို့တဲ့)
စီးပွားတွက် တွက်ကြည့်မယ်ဆိုရင်........
နင့်အတွက်နဲ့ ငါစွန့်လွှတ်ခဲ့ရတဲ့အရာတွေ အများကြီးပဲ.....
နင်ကတော့ ငါ့အတွက်စွန့်လွှတ်ခဲ့တာ ချစ်သူမရှိဘူးဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုထဲ............။
(ဒါပေမယ့် ငါကဒါလေးနဲ့တောင် ကျေနပ်နေခဲ့တာ.......)
ငါ့ရဲ့အတ္တဆန်ဆန် ခံယူချက်တစ်ချို့ကြောင့်ပေါ့........
နင့်ကို မပြောဖြစ်ခဲ့တဲ့ ခံစားမှုအချို့ရှိတယ်...
တစ်ခါတစ်လေလည်း ငါမပြောပဲနဲ့ နင့်ဘာသာနင် သိသွားလေရဲ့.............။
လူတွေက ငါ့ကိုမှတ်ချက်ချကြတယ်
ငါ့ကို ပျော်ရွှင်မှုတွေနဲ့ ပြဿနာတွေကို ကျောပိုးအိတ်ထဲ ထည့်လွယ်တဲ့လူတဲ့
ငါ့ပျော်ရွှင်မှုကို ငါကိုယ်တိုင်တောင် မဖန်တီးနိုင်တာ သူတို့မသိကြဘူး.........။
(ဘယ်တော့မှ သိကြမှာလည်း မဟုတ်ဘူး........)
ငါ့ကို ချစ်တဲ့လူတွေအများကြီး................
ဒါပေမယ့် ငါချစ်တာကျတော့ နင်တစ်ယောက်ထဲ.............
( စီးပွားရေး လုပ်စားတာဆိုရင် ငါတော့အရင်းပြုတ်နေပြီ........)
သေချာတာကတော့...................
ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖြစ်သလိုမေ့ပစ်ရအောင်လည်း
ငါက နင့်ကို ဖြစ်သလိုချစ်ခဲ့တာ မဟုတ်ဘူး...........။
မချစ်စနိုး
No comments:
Post a Comment