ဖြစ်ချင်တာဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ငါ....
နင်ငါ့ကိုပိုချစ်လာအောင်တော့ ငါဘာဖြစ်လို့ မလုပ်နိုင်ရတာလဲ မသိဘူးနော်......
ငါဝန်ခံပါတယ် ငါ့ဘက်ကအလွန်တွေရှိခဲ့ပါတယ်။
ဒါပေမယ့် လုပ်ခဲ့တဲ့လုပ်ရပ်တွေအကုန်လုံးက နင့်ကိုထိခိုက်စေဖို့ မရည်ရွယ်ခဲ့တာ အမှန်ပါပဲ။
လူတွေက ပြောကြတယ်......
လောကကြီးက မတရားဘူးတဲ့။
တကယ်တမ်းကတော့ လောကကြီးမှာရှိတဲ့လူတွေက မတရားတာပါ။
အချစ်ဆိုတာ ဘာလဲ ဆိုတဲ့မေးခွန်းကို လူတွေ အစဉ်အဆက်မေးလာကြတယ်....။
ဘယ်တုန်းကမှလည်း အဖြေမရှိခဲ့ဘူး။ ဘယ်တော့မှလည်း အဖြေရှိလာမှာမဟုတ်ဘူး....။
ဒါပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ ဆက်ချီတက်နေကြတဲ့သူတွေချည်းပါပဲ.........။
အချစ်နဲ့ပတ်သတ်ပြီး ငါ့ခံယူချက်ကိုပြောရမယ်ဆိုရင်တော့
အချစ်ဆိုတာ........
မချစ်ခင်တုန်းကလည်း ခံစားရတယ်
ချစ်နေရင်းနဲ့လည်း ခံစားရတယ်
ချစ်ပြီးသွားပြန်တော့လည်း ခံစားရပြန်တာပါပဲ။
(ဒါက ငါ့အတွက်ပဲ မှန်ကန်နိုင်တဲ့ဥပဒေသတစ်ခုဖြစ်မယ်ထင်ပါရဲ့ )
လမ်းခွဲမယ်လို့ ကြံစည်လိုက်တိုင်း
အားလုံးက ငါတို့နှစ်ယောက်ကို မကွဲကွာစေချင်ကြဘူး။
(နင့်ကိုငါသိပ်ချစ်မှန်းလည်း အားလုံးက သိတယ်လေ)
ဒါပေမယ့် ကံကြမ္ပာကတော့ ဒီအကြောင်းသိပုံမရဘူး။
ငါမျက်ရည်ကျရုံလောက်နဲ့ သူမကျေနပ်နိုင်တဲ့ပုံပဲ။
လူတိုင်းမှာ ခံစားချက်တွေရှိကြတယ်.....။
ဒါပေမယ့်ခံစားချက်တိုင်း ကဗျာမဖြစ်လာနိုင်ဘူး။
တစ်ခါတစ်လေ အဓိပ္ပါယ်ဖော်ပြလို့မရနိုင်အောင် နက်ရှိုင်းလို့လည်း ဖြစ်နိုင်တယ်။
အဲ့ဒီ့လိုနဲ့ပဲ ကဗျာတိုင်းဟာလည်း ခံစားချက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်တော့ဘူး။
ဒါဆိုရင် အခုရေးနေတဲ့ငါ့ကဗျာကရော..........?????
မချစ်စနိုး
No comments:
Post a Comment