Sunday, October 21, 2012

ယောကျာ်းလေးတိုင်းမှာ ရှိသင့်တဲ့ " S "သုံးလုံး

မိန်းကလေးတွေအတွက် " S "သုံးလုံးကို မချစ်စနိုးက ပြောပြပြီးသွားပါပြီ။ အားပေးမှုတွေ ရရှိတာကိုလည်း ကျေးဇူးတင်ပါတယ်။ အဲ့ဒီ့အခါကျတော့ ယောကျာ်းလေးတွေက မေးကြပါတယ်။ ယောကျာ်းလေးတွေအတွက်ရော မရှိဘူးလားတဲ့။ ဟုတ်ကဲ့ ရှိပါတယ်ရှင့်။ မိန်းကလေးတွေအကြောင်းကို အရင်ဖော်ပြပေးလိုက်ရတာက မချစ်စနိုးကိုယ်တိုင်က မိန်းကလေး မို့လို့ပါပဲ။ ဘာမှလည်း မဆိုင်ဘူးလို့တော့ မထင်ကြပါနဲ့နော်။ မချစ်စနိုးကိုယ်တိုင် ကျင့်သုံးကြည့်ပြီးတော့မှ မှန်ကန်တော့မှ ဘော်ဒါတွေကို ပြန်ဝေမျှ တာပါ။
အခုလည်း ယောကျာ်းလေးများအတွက် " S "သုံးလုံးကိုသာမက စေတနာတွေပိုပြီး နည်းလမ်းလေးတွေပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ယောကျာ်းလေးတွေအတွက် ရှိသင့်တဲ့ " S "သုံးလုံးကတော့......
1.Self-confidence
2.Style
3.Smell တို့ပဲ ဖြစ်ပါတယ်။

Self-confidence
                  လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေရင် အလိုလိုဆွဲဆောင်မှုရှိနေပါတယ်။ဒါကယောကျာ်းလေးတွေအတွက်ပဲ  အရေးကြီးတာမဟုတ်ပါဘူး။မိန်းကလေးတွေက သူတို့အတွက်"S"သုံးလုံးရှိမှ အလိုလို ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတာမို့လို့ပါ။ ယောကျာ်းလေးတွေအတွက်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှ နောက်ထပ် "S"တွေကိုဖန်တိးနိုင်မှာမို့လို့ပါ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူဟာ လူအများကြားရောနေရင်တောင် သူ့ပုံစံလေးက တစ်မျိုးတစ်ဘာသာ ထူးခြားနေပါတယ်။ ကောင်လေးတစ်ယောက်ဟာ ယုံကြည်မှုမရှိဘူးဆိုရင် သူဟာ အလိုလို zeroမှတ်ဖြစ်သွားမှာပါပဲ။ အနည်းဆုံးတော့ ရည်းစားစကားပြောဖို့တောင် အင်အားမရှိတဲ့သူကို ဘယ်မိန်းကလေးက ချစ်ချင်မှာလဲနော်...။
(ကောင်မလေးတွေက ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့ကောင်လေးတွေကို စိတ်ပျက်ကြတယ်ရှင့်။ စိတ်ဝင်စားခဲ့ရင်တောင် ခဏတာပဲ စိတ်ဝင်စားကြတာပါ)

Style
               စတိုင်ဆိုတာ အမြဲတမ်း အလန်းတွေ ၀တ်နေမှ တကယ့် ဈေးကြီးတဲ့ brandတွေ ၀ယ်ဝတ်မှ စတိုင်ကျတာမဟုတ်ပါဘူး။ အကျီအဖြူ စတစ်ကော်လံနဲ့ ယောပုဆိုး ဒါမှမဟုတ် ပုဆိုးအနက်လေးလောက်နဲ့ ၀တ်ရင်လည်း သူ့အလိုလို စတိုင်ကျတာပါပဲ။ တချို့ဆို အရင်တုန်းက crazy အရောင်တွေ မ၀တ်ကြဘူး..။ ဒါပေမယ့် အခုအချိန်မှာတော့ အသားဖြူတဲ့သူတွေ ၀တ်ရင် တော်တော်လေး ကြည့်ကောင်းတာကို တွေ့ကြရမှာပါ။ စတိုင်ဆိုတာ လူက ဖန်တီးတာပါ။ ဒါ့ကြောင့် အခုခေတ်က ဘာစတိုင်... အဲ့လိုစတိုင်ဝတ်မှ ကြည့်ကောင်းမယ်လို့ တွေးရင်တော့ လုံးဝ(လုံးဝ)ကို မှားပါလိမ့်မယ်။ ဒါပေမယ့် အပေါ်က ကြောင်တောင်ကျားတား အောက်ဒီဇိုင်းကလည်း ပေါတောတော အဲ့လိုတော့ မ၀တ်နဲ့ပေါ့။ သောက်ပေါကြီးလို့ အပြောခံရမှ ချစ်စနိုးအကြံပေးလို့ဆိုပြီး အပြစ်တင်နေမှာစိုးလို့ပါ။ အခြေအနေနဲ့ အချိန်အခါဆိုတဲ့စကားက အလကားထားတာမဟုတ်ပါဘူး။
(မိန်းကလေးတွေက စတိုင်မိုက်တဲ့ယောကျာ်းလေးတွေကို သဘောကျတတ်ကြပါတယ်။ နှစ်ယောက်ယှဉ်ပြီးရွေးရမယ်ဆိုရင် စတိုင်မိုက်တဲ့ သူက ပိုပြီးအလေးသာပါတယ်။ မချစ်စနိုးလည်း စတိုင်မိုက်မှ သဘောကျတယ်ရှင့် )


 Smell
              ဒါကတော့ ယောကျာ်းလေးတွေမှာ အရေးကြီးဆုံးအချက်ထဲက တစ်ခုပေါ့ ။ အနားကပ်လို့ ချွေးစော်နံရင် လူတိုင်း နှာခေါင်းရှုံ့ကြပါတယ်။ အထင်လည်း သေးသွားတတ်ကြတယ်။ ဒါ့ကြောင့် အလှပြင်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းချွေးစော်နံကြတာပါပဲ။ ဒါ့ကြောင့် roll-onဖြစ်ဖြစ် သုံးပေးပါ။ ပေါင်ဒါထက် roll-onနဲ့ body spray သုံးတာကို မချစ်စနိုးကတော့ ပိုသဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေါင်ဒါက ချွေးနဲ့တွေ့ရင် အနံ့အသက်က တစ်မျိုးကြီး ထွက်လာတတ်လို့ပါပဲ...။ ပြီးတော့ ချိုင်းမှာလည်း ဂျီးပေတယ်လေ ။ ရေမွှေးကိုတော့ တခါတလေသုံးတာပဲကောင်းပါတယ်။ အမြဲတမ်းသုံးရင် ကိုယ်အမြဲရေမွှေးစွတ်နေကျနေရာမှာ အ၀ါကွက်ဖြစ်သွားတတ်ပါတယ်။ အကျီအဖြူနဲ့ဆိုရင်တော့ ပိုဆိုးပြီပေါ့။ ဒါ့ကြောင့် အနံ့အသက်လေးပျောက်အောင် အနံ့တစ်မျိုးမျိုးကိုစွဲသုံးပေးပါ။
(နည်းနည်းလောက်စဉ်းစားကြည့်ကြပါ ယောကျာ်းလေးများရှင့်။ ဘယ်မိန်းကလေးက ချိုင်းချွေးနံ့ နံဟောင်နေတဲ့ ချစ်သူရဲ့ရင်ခွင်ထဲကို ၀င်ချင်မှာလဲ??? ချစ်လို့သာ သည်းခံနေကြတာပါ။ လမ်းခွဲဖို့တွေးကြပြီဆိုရင် အဲ့ဒီ့အကြောင်းကလည်း အက်ကြောင်းလေး ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ အနံ့လေးတစ်မျိုးထဲကိုပဲစွဲသုံးရင် အဲ့ဒီ့လိုအနံ့လေးကို တစ်နေရာရာမှာရလိုက်တာနဲ့ ဒါသူ့အနံ့လေးပဲ ဆိုတာ တွေးပြီး သတိရသွားကြမှာပါ) ကွမ်းစားတာ ဆေးလိပ်သောက်တာ ဘီယာနံ့ အရက်နံ့တွေလည်း အတူတူပါပဲ။ ကွမ်းစားထားတဲ့ချစ်သူကို ဘယ်မိန်းကလေးမှ Kissပေးချင်မှာ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူမှန်းသိပေမယ့် ရွံကြမှာပါ။ အဲ့ဒီ့လိုပဲ ဘီယာနံ့ရနေတဲ့ ယောကျာ်းလေးကို သူ့ကောင်မလေးက သဘောကျမှာ မဟုတ်ပါဘူး။

ကဲ...ပုရိသအပေါင်းတို့ရေ မချစ်စနိုးကတော့ ယောကျာ်းလေးတိုင်းမှာရှိသင့်တဲ့အကြောင်းတွေကိုသာမက ကောင်မလေးတွေကိုလိုက်ရင် သုံးရတဲ့နည်းတွေကိုပါ ဖော်ပြပေးပြီးပြီနော်။ မလိုက်နာရင်တော့ ကိုယ့်အကြောင်းနဲ့ကိုယ်ပါပဲ။ လိုက်နာလို့ အဆင်ပြေရင် မချစ်စနိုးကို မုန့်ဝယ်ကျွေးကြပါ...။

                                                                                                                                                                                           မချစ်စနိုး

1 comment: